International News

ဩစတြေးလျက အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ဖော်ဆောင်မည်

Last Updated:

သြစတြေးလျနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့သည် နှစ်နိုင်ငံကြား ကုန်သွယ်မှုဆက်ဆံရေးကို မြှင့်တင်ရန်နှင့် ပို့ကုန် လုပ်ငန်းရှင်များအတွက် အလုပ်အကိုင်နှင့် အခွင့်အလမ်းသစ်များ ဖန်တီးပေးရန်အတွက် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (Comprehensive Economic Partnership Agreement-CEPA) ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ၁၇-၃-၂၀၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

UAE နှင့် ကုန်သွယ်မှုသဘောတူညီချက်သည် အရှေ့အလယ်ပိုင်းဒေသတွင် သြစတြေးလျနိုင်ငံအတွက် ပထမဆုံးသော ကုန်သွယ်မှု သဘောတူညီချက်တစ်ရပ် ဖြစ်လာမည်ဖြစ်သည်။ CEPA သည် နှစ်နိုင်ငံ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်အရ နှစ်နိုင်ငံအကြား ခိုင်ခံ့ပြီး၊ နက်ရှိုင်းသည့်ဆက်ဆံရေးကို  သိသာထင်ရှားစေမည့် အလားအလာရှိကြောင်း သိရှိရသည်။

၂၀၂၀ ပြည့်နှစ်တွင် သြစတြေးလျနှင့် UAE အကြား ကုန်သွယ်မှုတန်ဖိုးမှာ သြစတြေးလျဒေါ်လာ ၆.၈ ဘီလီယံရှိပြီး၊ အပြန်အလှန် ရင်းနှီးမြုပ်နှံမှုမှာ ၁၆ ဘီလီယံရှိခဲ့သည်။ ကုန်သွယ်ရေးဝန်ကြီးက အရှေ့အလယ်ပိုင်းဒေသတွင် UAE သည် သြစတြေးလျ၏ အကြီး ဆုံးသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်နိုင်ငံဖြစ်ပါကြောင်း၊ UAE သည် သြစတြေးလျအတွက် အရှေ့အလယ်ပိုင်းသို့ ဝင်ရောက်နိုင်မည့် တံခါးပေါက်ဖြစ်ပြီး၊ ပိုမိုကြီးမားသောကုန်သွယ်မှု မျိုးစုံကွဲပြားခြင်းအတွက် အခွင့်အလမ်းကို ပေးဆောင်ပါကြောင်း ပြောကြားခဲ့သည်။

အာရပ်စော်ဘွားများပြည်ထောင်စုတွင် ဆောက်လုပ်ရေး၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ စိုက်ပျိုးရေးသုံးပစ္စည်းများနှင့် လေ့ကျင့်ရေး ဝန်ဆောင်မှုများအပါအဝင် အဓိကစီးပွားရေးလုပ်ငန်းများ လည်ပတ်လုပ်ကိုင်လျက်ရှိသော ဩစတြေးလျလုပ်ငန်းပေါင်း (၃၀၀)ကျော် ရှိရာ နှစ်နိုင်ငံအကြား ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်သည် သြစတြေးလျ စီးပွားရေးလုပ်ငန်းများနှင့် အလုပ်သမားများအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ် ကြောင်းသိရှိရသည်။

ယခုဆောင်ရွက်မည့် သဘောတူညီချက်သည် ပိုမိုကျယ်ပြန့်သော ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီနှင့် နောက်ဆက် တွဲအလားအလာရှိသော လွတ်လပ်သောကုန် သွယ်မှုသဘောတူညီချက်အတွက် အရေးပါသော တည်ဆောက်မှုတစ်ခုလည်း ဖြစ် သည်။ မကြာမီကာလအတွင်း တရားဝင်ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှုများ စတင်နိုင်ရေးအတွက် နှစ်နိုင်ငံလုံးမှ ကြိုတင်ပြင်ဆင်ဆွေး နွေးမှုများနှင့် ပြည်တွင်းညှိနှိုင်းမှုများကို အမြန်ဆုံးဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။ သြစတြေးလျအစိုးရသည် UAE နှင့် သဘောတူညီချက်အရ သြစတြေးလျစီးပွားရေးလုပ်ငန်းများအတွက် Stakeholders များ၏ အကျိုးကျေးဇူးနှင့် အခွင့်အလမ်းများ ဆိုင်ရာ တင်ပြချက်များကို ကြိုဆိုလက်ခံလျက်ရှိကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.trademinister.gov.au

Category: International News